Welding Supervisor (Level-4) အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲမှုအခြေအနေ၊ Trial Assessment စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များအား ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ရက်

Welding Supervisor (Level-4) အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲမှုအခြေအနေ၊ Trial Assessment စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များအား ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဦးဖြိုးမြင့်ဇော်၊ GIZ မှ Technical Advisor ဦးကိုကိုနိုင်နှင့် Expert Panel မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။

ရှင်းလင်းတင်ပြပွဲအခမ်းအနားတွင် Expert Panel မှ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးနိုင်သီဟစိုးနှင့် ဦးအောင်မျိုးသစ်တို့က Welding Supervisor Level-4 အလုပ်အကိုင်အတွက်ဆောင်ရွက်နေမှုများ ၊ Competency/ Skills Mapping ၊ ကိုးကားထားသော Qualification Framework များ၊ Level 4 Competency Standard တွင် ပါဝင်သော Unit များ၊ Trial Assessment အတွက် လုပ်ငန်းစဉ်များ၊ Trial Assessment အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့် နောက်ထပ်ဆောင်ရွက်မည့်အစီအစဉ်နှင့် ဝင်ရောက်ဖြေဆိုမည့် Candidate နှင့် Assessor များအတွက် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။