၂၀၂၁-၂၀၂၂ Mini Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေး ညှိနှိုင်းနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၃-၅-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ NSSA မှ တာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးကော်မတီ (ACC) မှ တာဝန်ရှိသူများ၊ Assessment Center တာဝန်ခံများ၊ ကျွမ်းကျင်မှု လေ့ကျင်ရေးသင်တန်းကျောင်း တာဝန်ခံများ၊ အလုပ်အကိုင်အလိုက် Chief Assessor/ Assessor များ၊ Inspector များ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လူကိုယ်တိုင် (၈၃) ဦး တက်ရောက်ခဲ့ပြီး online မှတစ်ဆင့် (၆၅) ဦး တက် ရောက်ခဲ့ကြပါသည်။