Assessor Methodology Training သင်တန်းဖွင့်ပွဲ အခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီတို့မှ စေလွှတ်သော သင်တန်းသားများဖြင့် Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို ၁၃-၃-၂၀၂၃ ရက်နေ့မှ ၁၇-၃-၂၀၂၃ ရက်နေ့ထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊  ဒုတိယညွှန်ကြားရေးမှူး၊ နည်းပြအရာရှိများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း (၃၉) ဦးတက်ရောက်ခဲ့ကြပါသည်။