Assessor Methodology Training သင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီနှင့် လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီတို့မှ စေလွှတ်သော သင်တန်းသားများဖြင့် Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို ၂၉-၅-၂၀၂၃ ရက်နေ့မှ ၂-၆-၂၀၂၃ ရက်နေ့ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းဆင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Online မှတစ်ဆင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သင်တန်းသား (၁) ဦးမှ သင်တန်းဆင်းလက်မှတ် လက်ခံရယူခဲ့ပြီး  သင်တန်းသား (၁) ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။