အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်ခဲ့မှု

အလုပ်သမားဝန်ကြီးဌာနမှ Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ စင်ကာပူနိုင်ငံ Suntec Singapore Convention & Exhibition Center ၌ ကျင်းပသည့် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ သို့ Electrical Installations ကျွမ်းကျင်မှုဧရိယာနယ်ပယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် ဦးဆောင်သော ကိုယ်စားလှယ် (၅) ဦး၊ ပြိုင်ပွဲဝင် (၂) ဦးဖြစ်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) မှ မောင်အင်ငန်းထင်ဆိုင်းအောင်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (မကွေး) မှ မောင်ဇွဲမင်းထက်နှင့် လေ့လာသူများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ၁၈-၇-၂၀၂၃ ရက်နေ့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ အဆိုပါ အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) မှ မောင်အင်ငန်းထင်ဆိုင်းအောင် သည် Electrical Installations ကျွမ်းကျင်မှုဧရိယာတွင် Medallion of Excellence နှင့် Best of Nation ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါသည်။