ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက် လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ခြင်း

၂၅-၁၀-၂၀၂၃ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက် လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်၍ နံနက် (၁၀: ၀၀) နာရီအချိန်မှ (၁၂: ၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၃၁) ဦးခန့် တက်ရောက်ခဲ့ပါသည်။