အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၁-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး နှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရယူကြမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်‌ဆေးအကဲဖြတ်ရေးဌာနတာဝန်ခံများ၊ Chief Assessor များ နှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၂၀) ဦး   တက်ရောက်ခဲ့ကြပါသည်။