လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ၏ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ ဆယ်မာအူးလ်အွန်ဒုန် (SMU) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား (၂၃) ဦးအပါအဝင် စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့မှ သင်တန်းဆင်းပွဲအမှာ စကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ရာတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူတို့အား ဆုများချီးမြှင့်ပေးခြင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက သင်တန်းသားများကိုယ်စား သင်တန်းသား မောင်ကျော်ရဲနောင်အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စားပြု သင်တန်းသား မောင်မင်းခန့်ညားမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် အဖွဲ့သည် သင်တန်းသား များ လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့သော Pratical Test Board များ၊ သင်တန်းတွင် အသုံးပြုသော သင်ထောက်ကူပစ္စည်းများနှင့် လက်သုံးကရိယာပစ္စည်းများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၁: ၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။