မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ဒုတိယဝန်ကြီးဦးဆောင်၍ မကွေးမြို့တွင် ကျင်းပပြီးစီးခဲ့ခြင်း

မြန်မာလုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများအသိပညာပေးဆွေးနွေးပွဲကို ၂၁-၁၂-၂၀၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ NSSA အသိအမှတ်ပြု Assessment Center များ၊ သင်တန်းသားအပါအဝင် (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။