စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း(Assessor Methodology Training) ကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ဖွင့်လှစ်နိုင်ခဲ့

IMAGE

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည်  လုပ်ငန်းကဏ္ဍအသီးသီး၌ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို အရည်အသွေး အာမခံချက်ရှိစွာ ဆောင်ရွက်နိုင်သည့် စစ်ဆေးအကဲဖြတ်သူများ မွေးထုတ်နိုင်ရေး ရည်ရွယ်၍ ယွန်း/ ရက်ကန်းလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးဆပ်ကော်မတီမှ စေလွှတ်သော သင်တန်းသား (၂၀) ဦးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ၁၁-၃-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ Assessor Methodology Training ကို ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြသူများကို သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။