HEV/ EV ကားများနှင့်ပတ်သက်၍ လိုအပ်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပခဲ့

 

၂-၄-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ လူမှု ဖူလုံရေးအဖွဲ့ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်မှုဖြင့် HEV/ EV ကားများ နှင့်ပတ်သက်၍ လိုအပ်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ NSSA အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အတွင်းရေးမှူး၊ သတ္တုနှင့်အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ EV ကား များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်နိုင်ရန် ကျွမ်းကျင်မှုစံရေးဆွဲကြမည့် Technical Working Group (TWG) အဖွဲ့ဝင်များ၊ NSSA မှ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာန များမှ လူကိုယ်တိုင် တက်ရောက်သူ (၁၉) ဦး၊ Online မှတစ်ဆင့် (၁၆) ဦး၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။