NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်

IMAGE

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ၁၃--၂၀၂၄ ရက်နေ့တွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်း ရှင်များ အသင်းချုပ်တို့မှတာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရယူကြသည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်‌ဆေးအကဲဖြတ်ရေးဌာနတာဝန်ခံများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၃၀) ဦး   တက်ရောက်ခဲ့ကြပါသည်။