NSSA လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ခဲ့မှု

၁၅-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကျန်ကာလတွင် လျာထားချက်ပြည့်မီစေရေး ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးဆပ်ကော်မတီ ဥက္ကဌ များနှင့် တာဝန်ရှိသူ စုစုပေါင်း ကိုယ်စားလှယ် (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

Attachment Lists Download
5.jpg