အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၏ ညောင်ဦးမြို့ ခရီးစဉ်

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားရေးရာတာဝန် ရှိသူများနှင့်အတူ ၃-၁၁-၂၀၂၄ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ညောင်ဦးမြို့နယ်၊ ညောင်ဦးသံတဲဝန်း၊ ပျူစောထီးလမ်း၊ အမှတ်() ရပ်ကွက်ရှိ Sanon Assessment Center တွင် ဟိုတယ်စားပွဲထိုး (Waiting Staff) Level-1 အလုပ်အကိုင်အတွက် ဖြေဆိုသူ (၂၆) ဦးကို စစ်ဆေးအကဲဖြတ်နေမှုနှင့် ၄-၁၁-၂၀၂၄ ရက်နေ့၊ (၀၉:၀၀) နာရီတွင် ညောင်ဦးမြို့နယ်၊ မင်းနန်သူရွာရှိ Aureum Palace Hotel Assessment Center တွင် အိပ်ခန်းဆောင်ထိန်းသိမ်းရေးအလုပ်အကိုင် (Room Attendant) Level-1 ဖြေဆိုသူ (၁၈) ဦးကို စစ်ဆေးအကဲဖြတ်နေမှုအား ကြည့်ရှု့အားပေးခဲ့သည်။

 

Attachment Lists Download
7.jpg