၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၂၅-၂၆ ရက်များတွင် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ကို ရန်ကုန်မြို့ တပ်မတော်ခန်းမနှင့် အင်းစိန် GTI တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဦးဆောင်မှုဖြင့် စင်ကာပူနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀ သို့ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် မော်တော် ယာဉ်စက်ပြင် အလုပ်အကိုင် (Automotive Technology Skills Area) နှင့် လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်း အလုပ်အကိုင် (Refrigeration and Air-Condition Skills Area) တို့အတွက် ပြိုင်ပွဲဝင် လူငယ်များကို ရွေးချယ်နိုင်ရေး “မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀” နှင့် ယင်း အလုပ်အကိုင် တို့၏ ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသမည့်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ တပ်မတော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ Myanmar Motor Corportion Public Co., Ltd နှင့်ပူးပေါင်း၍ ပြိုင်ပွဲများ၊ ပြခန်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ရာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရူလေ့လာနိုင်ပြီး Automotive Technology Skills Area နှင့် Refrigeration and Air-Condition Skills Area တို့တွင် ယှဉ်ပြိုင်လိုသည့် အောက်ပါသတ်မှတ်ချက်နှင့် ပြည့်စုံသူ လူငယ်များအနေဖြင့် ဆက်သွယ် လျှောက်ထားနိုင် ကြောင်း သတင်းကောင်းပါးအပ်ပါသည်-

(က)    ၁၉၉၈ ဇန်နဝါရီလ နောက်ပိုင်း မွေးဖွားသူ (၂၀၂၀ ပြည့်နှစ် ဇွန်လ တွင် အသက် ၂၂ မပြည့်သေးသူ)

(ခ)     အလုပ်ရှင် / မိဘ / အုပ်ထိန်းသူမှ ခွင့်ပြုသူ

(ဂ)     မှတ်ပုံတင် ရှိသူ

Automotive Technology Skills Area အတွက် (ဦးအောင်ကျော်လင်း-၀၉-၄၂၁၁၄၆၃၃၀၄) နှင့် Air-Condition Skills Area အတွက် (ဦးအောင်ကျော်စိုး-၀၉-၄၄၈၀၀၄၉၉) သို့ ဆက်သွယ် လျှောက်ထားနိုင်ပြီး ပြိုင်ပွဲဝင်လျှေက်လွှာများ ကို NSSA Technical Office ၊ အမှတ် (၂၉၈) ၊ မြနန္ဒာလမ်း၊ (၁၃) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်တွင် အခမဲ့ ရယူနိုင်ပြီး [email protected] သို့လည်း စာပို့တောင်းခံနိုင်ပါသည်။

လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၁၀) ရက်နေ့နောက်ဆုံးထား၍ ပြည်လည်လျှောက်ထားရပါမည်။

ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၄၃၀၀၈၈ / ၀၉-၄၄၈၅၃၆၇၉၇ / ၀၉-၄၃၁၉၈၇၅၉ သို့ ဆက်သွယ်နိုင်ပါသည်။