Test Item Database User Training ပြုလုပ်ခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် Swisscontact ၏ အကူအညီဖြင့် Test Item Database (TIDB) ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မေးခွန်းများ စနစ်တကျထည့်သွင်းနိုင်ရန်နှင့် ထုတ်ယူအသုံးပြုနိုင်ရန် Test Item Database User Training ကို ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် Administrator (၈) ဦးကို လည်းကောင်း၊ ၁၇-၁၂-၂၀၂၀ ရက်‌နေ့မှ ၁၈-၁၂-၂၀၂၀ ရက်နေ့ထိ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်သည့် အလုပ်အကိုင်များမှ Chief Assessor များကိုလည်းကောင်း Shwe IO Co., Ltd မှ ဦးခိုင်ဇော်ဝင်းမြင့်က ပို့ချဆွေးနွေးခဲ့ပါသည်။