COVID-19 Safe Services Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်းဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA)နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ COVID-19 အလွန်ကာလများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ COVID-19 Safe Services များအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး၊ COVID-19 Safe Services များအဖြစ် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပေးနိုင်မည့်သူများမွေးထုတ်ရန် ရည်ရွယ်လျက် COVID-19 Safe Services Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း (Inspector Training) ကို သင်တန်းသား (၃၀) ဦးဖြင့် ၂၁-၁၂-၂၀၂၀ ရက်နေ့မှ ၂၄-၁၂-၂၀၂၀ ရက်နေ့အထိ Zoom Application  အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

သင်တန်းတက်ရောက်သူများအား Participation Certificate များကို အွန်လိုင်းမှတဆင့် ပေးအပ်ခဲ့ပါသည်။