ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (လားရှိုး) ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနား ကျင်းပခဲ့

ဇန်နဝါရီလ ၁၉ ရက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ရုံး မြေနေရာလွတ်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (လားရှိုး) ဆောက်လုပ်ရန် အဆောက်အဦ အုတ်မြစ်ချ ပန္နက်ရိုက်အခမ်းအနားကို  မန်ဆူဆရာတော် ဒေါက်တာပုညနန္ဒ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်သန်း၊ ဂျာမနီနိုင်ငံသံရုံးမှ Head of Development Cooperation,  Ms. Mariana Knirsch, လားရှိုးမြို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ Head of GIZ Skills, Mr. Eikko Kauffmann, Head of SENS Project, Ms. Kumudhini Rosa နဲ့ GIZ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး New Normal ပုံစံနှင့် Video Conferencing ဖြင့်ပါ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက ဒေသတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ‌စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။