စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအား အသိပညာပေးဆွေးနွေးပွဲ

၃၁-၃-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အလုပ် အကိုင်များအတွက် အသိပညာပေးခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်၊ မွေးမြူရေး (အသားကဏ္ဍ) လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးအလုပ်အကိုင်ဆိုင်ရာ “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ NSSA တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေး(ငါးကဏ္ဍ) လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  အပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ကြပါသည်။

Attachment Lists Download
၁၁၁.png