ကျွမ်းကျင်မှု “စံ” များ ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ မြန်မာလုပ်သား ဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီပြီး အတည်ပြုပြဋ္ဌာန်းရန်လိုအပ်နေသော အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံများ ရေးဆွဲနည်းသင်တန်းကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီမှ TWG အဖွဲ့ဝင်များဖြင့် ၂၅--၂၀၂၂ ရက်နေ့မှ ၂၈--၂၀၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ ၂၅-၄-၂၀၂၂ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီမှ အတွင်းရေးမှူးတို့က Online မှတစ်ဆင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်းမှ သင်တန်းသားတက်ရောက်သူ (၁၃) ဦး၊ Online မှ တစ်ဆင့် တက်ရောက်သူ (၈) ဦး၊ စုစုပေါင်းသင်တန်းတက်ရောက်သူ (၂၁) ဦးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်၊ သင်တန်းနည်းပြများ၊ သင်တန်းကြီးကြပ်သူများ၊ စုစုပေါင်း တက်ရောက်သူ (၃၀) ဦးခန့်ဖြင့် ကျင်းပခဲ့ပါသည်။