Promotion of the Value of the National Skills Recognition Certificate through Skills Development System စီမံကိန်းအရ လုပ်ငန်းကော်မတီ (Project Steering Committee-PSC) ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Promotion of the Value of the National Skills Recognition Certificate through Skills Development System စီမံကိန်းအရ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက် အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) ကို တိုးမြှင့်သွားရန် ရည်ရွယ်ကျင်းပသည့် လုပ်ငန်းကော်မတီ (Project Steering Committee-PSC) ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ကျွမ်းကျင်မှုအသိအမှတ်ပြုရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဦးစီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊  ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။