လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ အလုပ်အကိုင်ကဏ္ဍအတွက် Assessor Methodology Training ဖွင့်ပွဲအခမ်းအနား

၈-၆-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသူ/ သားများအား Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ခဲ့ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ Online မှတစ်ဆင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။