Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင် အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသားများဖြင့် Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို ၈-၆-၂၀၂၃ ရက်နေ့မှ ၁၂-၆-၂၀၂၃ ရက်နေ့ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းဆင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Online မှတစ်ဆင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သင်တန်းသား (၁) ဦးမှ သင်တန်းဆင်းလက်မှတ် လက်ခံရယူခဲ့ပြီး  သင်တန်းသား (၁) ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။