Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင် အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသားများဖြင့် Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို ၁၄-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းဆင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သက်ဆိုင်ရာ ကော်မတီမှ သင်တန်းသူ (၁) ဦးစီမှ သင်တန်းဆင်းလက်မှတ် လက်ခံရယူခဲ့ကြပြီး သင်တန်းသူ/ သင်တန်းသားများကိုယ်စား သင်တန်းသူ (၁) ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ 

 

Attachment Lists Download
IMG-dd2642c7005d6312ebb4367a33710976-V.jpg