အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၁၁-၈-၂၀၂၃ ရက်နေ့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကိုဗစ်- ၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) နှင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ တွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များ၊ ပြိုင်ပွဲဝင်များအား လေ့ကျင့် သင်ကြားပေးခဲ့သည့် Expert များ၊ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၂ နှင့် အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၂၃ တွင် ကူညီထောက်ပံ့ပေးခဲ့သည့် လျှပ်စစ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

 

Attachment Lists Download
IMG-a92bca1fe9d147f6d6160d485e707376-V.jpg