အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျွမ်းကျင်မှု "စံ" ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား

၁-၉-၂၀၂၃ ရက်နေ့မှ ၄-၉-၂၀၂၃ ရက်နေ့ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ပို့ချသွားမည့် သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ၏ Automotive Mechanic  Level-2 (High Voltage Drive Line) ကျွမ်းကျင်မှု “စံ” ရေးဆွဲရေးအဖွဲ့ Technical Working Group (TWG) တွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်များအနက် ကျွမ်းကျင်မှု “စံ” ရေးဆွဲရာတွင် အတွေ့အကြုံမရှိသည့် အဖွဲ့ဝင်ပညာရှင် (၁၂) ဦး၊ ဘွိုင်လာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီမှ အမည်စာရင်းပေးပို့လာသည့် သင်တန်းသား (၅) ဦးနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီမှ အမည်စာရင်းပေးပို့လာသည့် သင်တန်းသား (၃) ဦး စုစုပေါင်း သင်တန်းသား (၂၀) ဦးတို့အတွက် ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်း၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဉက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ဖွင့်လှစ်ပို့ချလျက်ရှိသည့် လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်းအမှတ်စဉ် (၃/ ၂၀၂၃) မှ သင်တန်းသားများ၏ လက်တွေ့လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။