Test Item Database User Training (TIDB) သင်တန်းကို သင်တန်းသား (၉၅) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့
![](https://nssa.gov.mm/images/small/2024/4/16.jpg)
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် မေးခွန်းများကို ယခင်က Paper Work ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် မေးခွန်းများ စနစ်တကျထားရှိနိုင်ရန်၊ မေးခွန်းများ တိကျခိုင်မာမှုရှိစေရန်၊ မေးခွန်းများ အသုံးပြုရာတွင် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရန်၊ မေးခွန်းများ တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်သော Test Item Bank တစ်ခုအဖြစ် အသုံးပြုခဲ့သည့် မေးခွန်းများကို မှတ်တမ်းတင်ထားရှိနိုင်ရန်နှင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သော e-Government သို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Shwe. IO Co.Ltd ကို ငှားရမ်း၍ Test Item Database (TIDB) တည်ထောင်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပါသည်။ Chief Assessor နှင့် Assessor များအနေဖြင့် TIDB အား လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် ၁၉-၃-၂၀၂၄ ရက်နေ့မှ ၂၀-၃-၂၀၂၄ ရက်နေ့အထိ သင်တန်းသား (၁၃) ဦးဖြင့် (၁) ကြိမ်၊ ၂၁-၃-၂၀၂၄ ရက်နေ့မှ ၂၂-၃-၂၀၂၄ ရက်နေ့အထိ သင်တန်းသား (၃၆) ဦးဖြင့် (၁) ကြိမ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (နေပြည်တော်) ၌ ၂၈-၃-၂၀၂၄ ရက်နေ့မှ ၂၉-၃-၂၀၂၄ ရက်နေ့အထိ သင်တန်းသား (၄၆) ဦးဖြင့် (၁) ကြိမ်၊ စုစုပေါင်း (၃) ကြိမ်ကို သင်တန်းသား (၉၅) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
![]() |
![]() |
![]() |
![]() |
![]() |
![]() |