ပြည်တွင်း၊ ပြည်ပလုပ်သားဈေးကွက်မှ လိုအပ်သော ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လျာထားဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်
၁၁-၁၁-၂၀၂၄ ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ အလုပ်သမားဝန်ကြီးဌာန၏ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ပြည်တွင်း၊ ပြည်ပလုပ်သားဈေးကွက်မှ လိုအပ်သော ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လျာထားဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ NSSA အသိအမှတ်ပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းမှ တာဝန်ရှိသူ များ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်းမှ တာဝန်ခံများနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါ သည်။