ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ပူးပေါင်း၍ အာဆီယံ ဒေသတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်ရာတွင် အကျိုးဖြစ်ထွန်း စေရန် Bricklaying, Plastering, Sewing Machine Operator နှင့် Masonry အလုပ်အကိုင် (၄) မျိုးအတွက် ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၂-၆-၂၀၁၉ ရက်နေ့မှ ၁၄-၆-၂၀၁၉ ရက်နေ့ထိ ရန်ကုန်မြို့၊ Inya Lake Holtel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ ILO Liaison Officer Mr. Rory Mungovenနှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌဦးဆောင်သော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ NSSA ၏ Sewing Machine Operator အလုပ်အကိုင်နှင့် Bricklaying အလုပ်အကိုင်မှ ကျွမ်းကျင်သူများ စုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။